Sunday, 28 September 2008

NLD to Celebrate 20th Anniversary


By SAW YAN NAING Friday, September 26, 2008

E-MAIL
PRINT

The National League for Democracy will celebrate its 20th anniversary on Saturday in Rangoon with newly released political prisoners.

Win Tin, a founder of the NLD, was released on Tuesday along with six other NLD members.

Filipino protesters display photos of Burma's last year protests led by Buddhist monks during a silent protest outside the Burmese Embassy at the financial district of Makati city of Manila on Friday. (Photo: AP)
The NLD is the main opposition party which won a landslide victory—392 out of 492 seats—in parliamentary election in 1990. However, the current Burmese government led by Snr-Gen Than Shwe ignored the election result and refused to transfer power to the parliament.

Meanwhile, on Thursday the NLD was warned by the head of Burma’s police, Brig-Gen Khin Yi, to withdraw a statement it made following the release of the political prisoners, said party spokesperson Nyan Win.

The statement called for a review of the junta’s constitutional process. The regime saw the statement as potentially motivating citizens to undertake activities critical of the military government.

Nyan Win said, “They [Burmese authorities] said our earlier statement can motivate people to launch a movement against them. So, they asked us to withdraw our statement.”

“We replied that our statement contained credible information, and we have proof for it. So, we can’t withdraw it,” he said

The NLD statement urged Burmese authorities to reconsider the state constitution, calling the draft constitution one-sided and lacking the participation of the 1990 elected members of parliament.

A lawyer, Thein Nyunt, who is also a member of the NLD information department, said, “It is necessary to review the constitution before it becomes legitimate.”

Burmese authorities unofficially warned opposition leaders that action could be taken against them if they continued to make such statements.

Six members of the NLD’s Central Executive Committee met with Brig-Gen Khin Yi at the Ministry of Home Affairs for about one hour on Thursday, said Nyan Win.

He said Burmese authorities are trying to pressure NLD leaders to stop public criticism of the military regime.

In May, the NLD dismissed the national referendum on the draft constitution, calling it non-inclusive, non-transparent and undemocratic.

The party’s leader, Aung San Suu Kyi, has been detained under house arrest for more than 13 of the past 19 years. The latest round of her house arrest began o¬n May 30, 2003, following the ambush of her motorcade by a government-orchestrated mob in Depayin in Burma’s northwest Sagaing Division.




Gmail - Fwd: 5 Human Wonders....Worth Seeing - yemanphyoe@gmail.com

http://mail.google.com/mail/?shva=1#inbox/11c9d8ccac3312bd

Friday, 19 September 2008

Tuesday, 16 September 2008

ဲ့



ရွှေဝါရောင် ဒီမိုကရက်တိုက်ဇေးရှင်း
အရှင်လာဘ | စက်တင်ဘာ ၁၆၊ ၂၀၀၈

(၁) တတိယလှိုင်းနှင့် ခရစ်ယာန်ဘာသာ

ဟားဗက်တက္ကသိုလ်ရဲ့ နိုင်ငံရေးသိပ္ပံပါမောက္ခ ဆင်မျူရယ် ဟန်တင်တန်ဟာ ကမ္ဘာ့ဒီမိုကရေစီ ဖြစ်ထွန်းရေးဖြစ်စဉ်မှာ ဗုဒ္ဓဘာသာကို သိပ်အထင်ကြီးလှ၊ ထည့်တွက်လှတာ မဟုတ်ပါဘူး။ သူ့ရဲ့နာမည်ကျော် “ယဉ်ကျေးမှု တိုးတိုက်မိခြင်း” စာအုပ်မှာဆိုရင် ဗုဒ္ဓဘာသာ နိုင်ငံများဟာ တိုးတက်တဲ့ ယဉ်ကျေးမှုအဆင့် (Civilization) အထိ ရောက်မလာကြဘူးလို့ ဆိုထားပါတယ်။

ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာနိုင်ငံများဟာ တိုးတက်တဲ့ လူသားဖွံ့ဖြိုးမှုတွေနဲ့ အင်ပါယာကြီးတွေအထိ ဖြစ်ထွန်းခဲ့ကြတယ်။ ဗုဒ္ဓဘာသာကတော့ ဒီလိုမဟုတ်ဘဲ လူသားဖွံ့ဖြိုးရေးနဲ့ ဒီမိုကရေစီအရေးမှာ အမြဲအနုတ်သဘောဆောင်ပြီး ငုတ်နေတတ် တယ်။ အဓိက အကြောင်းတရားတခုက ဗုဒ္ဓဘာသာဟာ သူ့မူလစတင်ခဲ့တဲ့ အိန္ဒိယနိုင်ငံမှာကို ခြေကုပ်မမြဲနိုင်ခဲ့တာပဲလို့ ဟန်တင်တန်က ထောက်ပြပါတယ်။

နောက် သူ့ရဲ့ နာမည်ကြီး “တတိယလှိုင်း” စာအုပ်ဟာလည်း ၁၉၇၀ ပြည့်လွန်နှစ်များကနေ ၁၉၉၀ ပြည့်လွန်နှစ်အဆုံးထိ အာဏာရှစ်စနစ်ကနေ ဒီမိုကရေစီကူးပြောင်းလာတဲ့ နိုင်ငံ ၃၀ လောက်ရဲ့ အတွေ့အကြုံတွေကို တင်ပြထားတယ်။ အဲ့ဒီမှာ သူပြောသွားတာက တတိယလှိုင်း (Third Wave) ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဉ်မှာ ဘာသာရေးဟာ လုံးဝအရေးပါတယ်။ အထူးသဖြင့် အနောက်တိုင်း ခရစ်ယာန်ဘာသာနဲ့ ဒီမိုကရေစီဟာ လုံးဝဆက်စပ်နေတယ်။ ခေတ်သစ် ဒီမိုကရေစီဆိုတာ လည်း ပထမဦးဆုံး ခရစ်ယာန် နိုင်ငံတွေမှာပဲ စတင်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ်ရဲ့ ဒီမိုကရေစီ ၄၆ နိုင်ငံကိုကြည့်ရင် ၃၉ နိုင်ငံဟာ ကက်သလစ်နဲ့ ပရိုတက်စတင့်ဘာသာ အဓိက လွှမ်းမိုးထား တဲ့ နိုင်ငံတွေဖြစ်နေတယ်။ ဒီမိုကရေစီနဲ့ ဒီမိုကရက်တစ် ယဉ်ကျေးမှုဟာ မူဆလင်ဘာသာ၊ ဗုဒ္ဓဘာသာနဲ့ ကွန်ဖျူးရှပ်အယူ ရှိတဲ့ နိုင်ငံတွေမှာ ဖြစ်ထွန်းခဲလှတယ်လို့ ဆိုပါတယ်။

အဲ့ဒီလို ခရစ်ယာန်နိုင်ငံတွေမှာပဲ ဒီမိုကရေစီ စဖြစ်ထွန်းအခြေခိုင်ရတဲ့အကြောင်းက ခရစ်ယာန်ဘာသာဟာ တစ်ဦးချင်းရဲ့ သိက္ခာတန်ဖိုး (The dignity of the individual) ကို အလေးထားလို့ ဒီနိုင်ငံတွေမှာ ကျောင်းတော်နဲ့ နိုင်ငံတော်အကြား စည်းခြားထားမှု (The separation of church and state) ရှိကြလို့ပဲလို့ ဆိုပါတယ်။ ကက်သလစ်နဲ့ ပရိုတက်စတင့် ဘာသာရေး ခေါင်းဆောင်များဟာ ဖိနှိပ်တဲ့ အာဏာရှင် တိုင်းပြည်တွေရဲ့ လွတ်မြောက်ရေး ရုန်းကန်ကြိးပမ်းမှုတွေမှာ အဓိက အခန်းကဏ္ဍက အမြဲရှိနေလို့ပဲ။ နောက်ပြီး ခရစ်ယာန်ကျောင်းများနဲ့ ဘာသာဝင်ဦးရေ အပြန့်ကျယ်လာခြင်းဟာ ဒီမိုကရေစီ ဖွံ့ဖြိုးရေးကို တွန်းအားပေးတယ်လို့ ပါမောက္ခဟန်တင်တန်က ရပ်ခံတင်ပြထားပါတယ်။

(၂) အစလည်းခက်၊ အဆုံးလည်းခက်

အခုပြောနေတာဟာ ဘယ်ဘာသာဟာ ပိုယုံကြည်ထိုက်တယ်ဆိုတဲ့ ကိစ္စမဟုတ်ဘဲ ဒီမိုကရက်တိုက် ဇေးရှင်းကိစ္စသာ ဖြစ်ပါတယ်။ ဟန်တင်တန်ထောက်ပြသလို အနောက်ခရစ်ယာန်နိုင်ငံ အများစု ဒီမိုကရေစီအောင်မြင်ခိုင်မြဲနေတာကလည်း ငြင်းမရအောင် အထင်အရှားပါပဲ။ သို့သော် အနောက်နိုင်ငံတွေကို ပုခုံးချင်းယှဉ်လာတဲ့ ကွန်ဖျူးရှပ် တရုတ်ပေါက်ဖော်ကြီးရဲ့ တိုးတက်ပွင့်လင်းလာမှု။ မကြာခင်ကဖြစ်ခဲ့တဲ့ မြန်မာသံဃာတော်တွေရဲ့ မေတ္တာသုတ်ရွတ်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင် လှုပ်ရှားမှု၊ တိဘက်ရဟန်းတွေရဲ့ အိုလံပစ်မီးရှူးတိုင် နိုင်ငံပေါင်းစုံမှာ ၀င်လုမှုတွေဟာ ပါမောက္ခဟန်တင်တန်ရဲ့ ခရစ်ယာန် အလေးထဲတဲ့ အမြင်ကို စိန်ခေါ်လှန်ပစ်လိုက်တာလားလို့ တွေးစရာတွေ ရှိလာပါတယ်။

၂၀၀၇ ခုနှစ် မြန်မာနိုင်ငံ ရွှေဝါရောင်အရေးနဲ့ ၂၀၀၈ ခုနှစ် တိဘက်အရေးဟာ မအောင်မြင်သေးပေမယ့် ကမ္ဘာ့သမိုင်းနဲ့ ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဉ်မှာ ထူးခြားနေပါတယ်။ တဘက်က သိမ်မွေ့နူးညံ့တဲ့ အကြမ်းမဖက် အာဏာဖီဆန်မှု၊ တဘက်မှာက စစ်တပ်ယန္တရားသုံးပြီး အဆုံးစွန်အရိုင်းအစိုင်းဆုံး ချေမှုန်းမှု။ အဲ့ဒီနှစ်ခုအကြား ဖီလာဖြစ်မှု မြင်ကွင်းတွေကို ကမ္ဘာ့ရွာ မီဒီယာမှန်ပြောင်းကနေ အားလုံးမြင်တွေ့ခဲ့ကြရပါတယ်။

ဗုဒ္ဓဘာသာ မြန်မာရဟန်းတော်များရဲ့ မေတ္တာပို့စီတန်းလမ်းလျှောက်ပုံ၊ ၀ိနည်းစည်းကမ်း ညီညွတ်ပုံ၊ ထုထည်အင်အားကြီး မားပုံ၊ လုံထိန်းရဲနဲ့ စစ်သားတွေကို ပြန်လည်ဦးချကန်တော့တဲ့ မြင်ကွင်းပုံတွေဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းကို အံ့သြမှင် တက်စေရုံမျှမက မြန်မာတို့ကိုယ်တိုင် မျက်ရည်လည်ရွှဲခဲ့ရပါတယ်။

လွတ်လပ်ရေးကာလကစလို့ ၁၉၈၈ အရေးတော်ပုံအထိ မြန်မာရဟန်းတော်တွေဟာ မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုတိုင်းမှာ ပါဝင်ခဲ့ကြပါတယ်။ သို့သော် ၂၀၀၇ စက်တင်ဘာ တော်လှန်ရေးကတော့ သံဃာထု သက်သက်က ဦးဆောင်တဲ့ စစ်အစိုးရ ဆန့်ကျင်ရေးဖြစ်လာပြီး။ အချိန်တိုတောင်းလှပေမယ့် တကမ္ဘာလုံးရဲ့ မျက်ခြေမပြတ်စောင့်ကြည့်မှု ခံခဲ့ရပါတယ်။ ကမ္ဘာ့ဒီမို ကရေစီရေး တိုက်ပွဲအတွက်လည်း အမြင်သစ်ဖြစ်ပြီး ဗုဒ္ဓဘာသာဟာ လောကုတ္တရာကိစ္စသက်သက် မျက်နှာမူနေရာက လောကီဖွံ့ဖြိုးရေးနဲ့ လူ့အခွင့်အရေး ကိစ္စတွေဆီ တူရူလာပါတယ်။

မြန်မာဗုဒ္ဓရဟန်းတော်များရဲ့ ဒီမိုကရေစီရေးတိုက်ပွဲဟာ ရက်ရက်စက်စက် ချေမှုန်းခံလိုက်ရပေမယ့် ပြီးဆုံးသွားပြီလို့တော့ လုံးဝပြောလို့မရပါဘူး။ ဗုဒ္ဓဘာသာကိုယ်၌ကိုက တိုးတက်တဲ့ ပြုပြင်ပြောင်းလဲမှု (Reform) လုပ်လာတာဖြစ်တယ်။ ဒါကြောင့် စက်တင်ဘာအရေးအခင်းဟာ မြန်မာ့ဒီမိုကရေစီရေး ခရီးရှည်အတွက် အစတကာတို့ရဲ့ အစပဲဖြစ်ပါတယ်။ ကမ္ဘာ့ဒီမိုကရေစီ အရေးမှာ အနုတ်သဘော ဆောင်တယ်လို့ အမြင်ခံနေရတဲ့ ဗုဒ္ဓဘာသာကို မြန်မာရဟန်းပျိုများက အပေါင်းလက္ခဏာ ဆောင်ကြောင်း ကမ္ဘာကို ရဲရဲဝံ့ဝံ့ ပြလိုက်တာဖြစ်ပါတယ်။

စက်တင်ဘာ သံဃာလှုပ်ရှားမှု စတင်ဖြစ်နေချိန်မှာ စာရေးဆရာမောင်စူးစမ်းကို သူ့မိတ်ဆွေ တယောက်က ဘယ်လိုမြင် သလဲလို့ မေးကြည့်တဲ့အခါ ဆရာက “စဖို့ခက်ခဲသလို အဆုံးသတ်ဖို့လည်း ခက်တယ်”လို့ တုန့်ပြန် ဖြေဆိုပါတယ်။ ဆရာ မောင်စူးစမ်းပြောသလိုပဲ စက်တင်ဘာ သံဃာ့အရေအခင်းဟာ စတင်ဖို့ အတော်ခက်ခဲတဲ့၊ ရဟန်းပျိုများ ရင်းပြီးစွန့်စားရတဲ့ တိုက်ပွဲဖြစ်သလို အဆုံးသတ်ဟာလည်း မြန်မာ့တော်လှန်ရေး အများစုရဲ့ ထုံးစံအတိုင်း ကိုယ့်ဘက်က ပွဲမပြတ်နိုင်ခဲ့ပါဘူး။ ရွှေဝါရောင်တော်လှန်ရေးဟာ ငြိမ်းချမ်းစွာကူးပြောင်းနိုင်တဲ့ ကတ္တီပါတော်လှန်ရေးမျိုးဖြစ်မလာခဲ့ဘဲ ဘုရားသားတော်တွေ အကြောင်းမလှစွာနဲ့ သွေးစွန်းထင်းခဲ့ရပါတယ်။

ဘာကြောင့် မြန်မာရဟန်းပျိုများရဲ့ စက်တင်ဘာအရေးဟာ စဖို့ခက်ပြီး အဆုံးသတ်ဖို့ ခက်ရတာလဲ။ စက်တင်ဘာရဲ့ အောင်မြင်မှုတွေက ဘာလဲ။ မြန်မာထေရ၀ါဒဟာ ဒီမိုကရေစီနဲ့ နီးစပ်ရဲ့လား။ ခရစ်ယာန်ဘာသာက အာဏာရှင်တွေကို ထိန်းချုပ်ထားနိုင်သလိုမျိုး၊ အနာဂါတ်မှာ ဗုဒ္ဓဘာသာက အာဏာရှင် ညွှတ်ကွင်းကနေ ဖောက်ထွက်နိုင်မှာလား။ ဒါမှမဟုတ် တောင်ကိုရီးယားလို ဗုဒ္ဓဘာသာကနေ ခရစ်ယာန်အယူ ကူးပြောင်းသူဦးရေ တိုးပွားလာမှ ဒီမိုကရေစီအမြစ်တွယ် အခြေကျ မှာလား။ စတဲ့စတဲ့ မေးခွန်းတွေအတွက် ရွှေဝါရောင်တော်လှန်ရေး ဖြစ်ရပ်နဲ့အတူ ထေရ၀ါဒအပေါ် လူမှုဗေဒ၊ လူမှုသိပ္ပံ ရှုထောင့်တွေကနေ သုံးသပ်ကြဖို့ လိုပါလိမ့်မယ်။

(၃) လူ့အခွင့်အရေးနဲ့ မေတ္တာသုတ်

အမေရိကန် လွတ်လပ်ရေး ကြေငြာစာတမ်းမှာ သောမတ်စ်ဂျကဖာဆန်က “လူတိုင်းကို တူညီမျှတစွာ ဖန်ဆင်းထားတာ ဖြစ်တယ်” (All men are created equal) ဆိုတဲ့ စကားကို သုံးခဲ့ပါတယ်။ နောက်ပိုင်း လင်ကွန်းတို့၊ မာတင်လူသာကင်း တို့ကနေ ယနေ့ခေါင်းဆောင်များအထိ အထပ်ထပ်သုံးစွဲခဲ့ကြတယ်။ ဘုရားသခင်ဟာ အားလုံးကို တူညီတဲ့ ရပိုင်ခွင့်တွေနဲ့ ဖန်ဆင်းထားသမို့၊ လူသားအားလုံးမှာ လူ့အခွင့်အရေးဟာ မွေးရာပါဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကမှ တားမြစ်ချုပ် ချယ်ပိုင်ခွင့်မရှိဘူးလို့ ဆိုလိုပါတယ်။ ဒီဝါကျလေးတစ်ကြောင်းဟာ တာသွားလွန်းပြီး အနောက်တိုင်းနိုင်ငံတွေမှာ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးတွေရရှိဖို့ ကျားကန်ပေးပါတယ်။

ဒါဖြင့် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ဖွံ့ဖြိုးဖို့အတွက် ဗုဒ္ဓဘာသာမှာ ဒီလိုအားကိုး အားထားပြုလောက်တဲ့ စကားရပ်မျိုးမရှိဘူးလား။ ဗုဒ္ဓရဲ့သြ၀ါဒအမြုတေတွေဟာ လူသားတိုင်းရပိုင်ခွင့်တွေအတွက် အနက်ဖွင့်ထူတတ်ရင် အများ ကြီးရနိုင်ပါတယ်။ ဥပမာ မေတ္တာသုတ်လာ “မာတာ ယထာနိယံပုတ္တ၊ မယုသာ ဧကပုတ္တ မနုရက္ခေ” ဆိုတဲ့ ပါဠိဟာ စဉ်းစား ယူရင် အတော်ကျယ်ပြန့်ပါလိမ့်မယ်။ သတ္တ၀ါတိုင်းအပေါ်မှာ မိမိရင်၌ဖြစ်သော တစ်ဦးတည်းသော သားကဲ့သို့ မေတ္တာထားရ မယ်လို့ ဆိုပါတယ်။ ဒီစကားရပ်အပေါ် လူ့အခွင့်အရေးအမြင် ရှုထောင့်ကကြည့်ရင် ဗုဒ္ဓဟာ လူသားအခွင့်အရေးဆိုတာ မပြောနဲ့တော့။ သတ္တ၀ါတိုင်းအပေါ်မှာတောင် ကိုယ့်ရင်ဝယ်သားလို သဘောထားရမယ်။ လူမှာ သူ့မွေးရာပါ ရပိုင်ခွင့်ရှိသလို သတ္တ၀ါကိုယ်စီမှာလည်း ရပိုင်ခွင့်တွေ ရှိကြရမှာပေါ့။ လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြ။ သတ္တ၀ါကိုယ်စီရဲ့ ကိုယ့်ရပိုင် ခွင့်တွေကို လေးစားကြလို့ ကောက်ယူနိုင်ပါတယ်။

မြန်မာဗုဒ္ဓဘာသာဟာ ထေရ၀ါဒဖြစ်တာမို့ ရှေးထေရ်ကြီးဝါကြီးတို့ရဲ့ အဆုံးအမအတိုင်း ကျင့်ကြံ လိုက်နာကြဖို့ပါပဲ။ ဒါဟာ ရှေးရိုးစွဲ ကွန်ဆာဗေးတစ် ဆန်ကောင်းဆန်ပြီး အထက်အောက် ဆက်ဆံရေးပုံစံနဲ့ အမိန့်ပေးပုံစံ (Authoritarian) ပဲလို့ ဝေဖန်ကြပါတယ်။ သို့သော် ကာလမသုတ်လို ဒီမိုကရေစီကျ ခေတ်မှီလွန်းတဲ့ တရားများလည်း ရှိနေပါတယ်။ ရှင်သာရိ ပုတ္တရာ ကိုယ်တော်ကြီးကို ခုနှစ်နှစ်သား သာမဏေလေးက ဝေဖန်ထောက်ပြမှုလို သည်းခံမှု (Tolerance) ဖော်ပြတဲ့ ဒီမိုကရေစီ လက္ခဏာရပ်တွေလည်း အများကြီးပါပဲ။

(၄) ကျောင်းတော်နဲ့ နိုင်ငံတော်

ဒီမိုကရေစီမဟုတ်တဲ့ နိုင်ငံတွေမှာ ဘာသာရေးနဲ့ နိုင်ငံရေးဟာ သီးခြားမရှိပဲ ရောထွေးနေတတ်ပါတယ်။ အချို့နိုင်ငံများမှာ လည်း အစ္စလာမ်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းပြီး တရားဝင်ပြုထားပါတယ်။ အနောက်ဒီမိုကရေစီနိုင်ငံများရဲ့ အားသာချက်က ကျောင်းတော်နဲ့ နိုင်ငံတော် စည်းခြားမှု (Separation of church and state) ရှိခြင်းပါပဲ။ ဒါဟာ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရဲ့ အခြေခံလည်း ဖြစ်ပါတယ်။

ခရစ်ယာန်ကျောင်းတော်တွေဟာ ဒီမိုကရေစီအရေးနဲ့ လစ်ဘာတီအရေးမှာ ရှေ့ကမားမားမတ်မတ် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ပုတ်ရဟန်းမင်းများဟာ အာဏာရှင်တွေကို နှိပ်ကွပ်ရာမှာ လက်သံပြောင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ ဒီမိုကရေစီ ကူးပြောင်းလာခဲ့တဲ့ ချီလီ၊ ပိုလန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ ဘရာဇီးစတဲ့ နိုင်ငံတွေရဲ့ ဥပမာကြည့်ရင် မြင်နိုင်ပါတယ်။

၁၉၈၇ ခုနှစ် ချီလီမှာ ဂျွန်ပေါလ် (၂) ဟာ အာဏာရှင်ပီနိုချေးနဲ့ ပက်ပင်းရင်ဆိုင်ရတော့ “ကျုပ်ဟာ ဒီမိုကရေစီတရားဟော ဆရာမဟုတ်ဘူး။ ဧ၀ံဂေလိတရားဟောဆရာပဲ။ ဒါပေမယ့် ခရစ်ယာန်တရားတော်များဟာ လူသားအခွင့်အရေး ကိစ္စအားလုံး နဲ့ သက်ဆိုင်နေတယ်။ အကယ်၍ ဒီမိုကရေစီဟာ လူ့အခွင့်အရေးကို ဆိုလိုတယ်ဆိုရင် ခရစ်ယာန် ကျောင်းတော်တွေဟာ လည်း ဒီမိုကရေစီ တရားဟောရမှာပေါ့”လို့ ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။

ခရစ်ယာန်ကျောင်းတော်များဟာ အာဏာရှင်ကို ဆန့်ကျင်ပြီး လူသားလစ်ဘာတီရေးမှာ သမိုင်းတလျှောက် အရေးပါခဲ့တယ်။ အာဏာရှင်များ မင်းဆိုးမင်းညစ်များ ချယ်လှယ်ချင်တိုင်း ချယ်လှယ်ခွင့် မရအောင် ပြည်သူလူထုကို အကာအကွယ် ပေးခဲ့ပါ တယ်။ ဒါဆို ဗုဒ္ဓဘာသာရဟန်းတော်များနဲ့ ကျောင်းတော်များကရော။

စက်တင်ဘာလှုပ်ရှားမှုက ရဟန်းပျိုများဟာ ခေတ်သစ်ဗုဒ္ဓဘာသာ လေဘာတီသူရဲကောင်းများ ဖြစ်ပါတယ်။ သို့သော် ပြဿနာက သံဃာ့မဟာနာယက အဖွဲ့နဲ့ အဘိဓဇဆရာတော်ကြီးအချို့ ဖြစ်ပါတယ်။ သံဃာ့မဟာနာယကဟာ သီးခြား လွတ်လပ်တဲ့ ဘာသာရေးအဖွဲ့အစည်းမဟုတ်ဘဲ မြန်မာအစိုးရအဆက်ဆက်ရဲ့ လက်အောက်ခံ အသုံးချခံ အဖွဲ့အစည်း တခုဖြစ်နေခဲ့ပါတယ်။ ဘာသာရေး အာဏာပိုင်အစိုးရဌာနတစ်ခုလို ဖြစ်နေခဲ့ပါတယ်။

ဗုဒ္ဓဘာသာ ရဟန်းတော်များ နိုင်ငံရေးလုပ်သင့်ပါသလားဆိုတဲ့ မေးခွန်းဟာ အမြဲတက်လာတတ်တဲ့ မေးခွန်းပါပဲ။ လယ်တီ ဆရာတော်လို ပုဂ္ဂိုလ်မျိုးက ရဟန်းတွေကို နိုင်ငံရေးနဲ့ လုံးဝမပက်သက်စေချင်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း အမြင်ကလည်း “ကျွန်တော့်သဘောက ရဟန်းတော်များဟာ ပရိယတ်၊ ပဋိပတ်ကိုသာ ကြိုးစားစေချင်တယ်” လို့ ရေးဖူးပါတယ်။ ဟုတ်ပါ တယ်။ ရဟန်းကိစ္စဟာ ၀ိနည်းကိစ္စဖြစ်တယ်။ ကိုယ်ကျင့်ကိစ္စဖြစ်တယ်။ မိမိကိုယ်ကို စောင့်ရှောက်ခြင်းဟာ လောကကို စောင့်ရှောက်ခြင်းမည်ပါတယ်။ လူ့အဖွဲ့အစည်းကို စာရိတ္တ မဏ္ဍိုင်မြင့်မားစေပြီး အမှန်တရားနဲ့ နီးစပ်ပါစေလိမ့်မယ်။

သို့သော် ယခု သံဃာ့မဟာနာယကဟာ အစိုးရဌာန တစုတဖွဲ့အဖြစ် လုပ်နေတာဟာာ ၀ိနည်းနဲ့ ညီပါသလော။ သံဃာများ နိုင်ငံရေးမလုပ်ရလို့ မှော်ဘီသံဃာ့အစည်းအဝေးဆုံးဖြတ်ချက်၊ ကမ္ဘာအေး ဆုံးဖြတ်ချက်တွေနဲ့ အကြိမ်ကြိမ် ကြေငြာချက် ထုတ်ပြီး စစ်အစိုးရတွေကို အကာအကွယ်ပေးနေတဲ့ သံဃာ့မဟာနာယက ဘွဲ့တံဆိပ်အမျိုးမျိုးရ ရာဇာများဟာ နိုင်ငံရေးလုပ် နေတာ မဟုတ်ပါလား။ နိုင်ငံရေးဆိုတာ အာဏာနဲ့ ဆက်စပ်နေတယ်ဆိုရင် အာဏာပိုင်အဖွဲ့ဟာ သံဃာ့မဟာနာယက အဖွဲ့မှာလား၊ စာသင်ရဟန်းပျိုတွေဆီမှာလား။

စက်တင်ဘာ တော်လှန်ရေးက မွေးဖွားလာတဲ့ သံဃာ့တပ်ပေါင်းစုဟာ အလယ်ခေတ်ချစားနေတဲ့ ဘရင်ဂျီဘုန်းကြီးတွေကို တော်လှန်တဲ့ ပရိုတက်စတင့် မာတင်လူသာ ပေါက်စမျိုးတွေဖြစ်ပါတယ်။ ပြည်ပ သံဃာ့ဥသျှောင်အဖွဲ့အစည်းဟာ လွတ်လပ် တဲ့ သာသနာ့အဖွဲ့အစည်းဖြစ်လာပြီး တချိန်မှာ သံဃာ့ မဟာနာယက အဖွဲ့ကိုဖယ်ရှားပြီး မြန်မာပြည်သူတို့အတွက် လွတ်လပ်မှု လစ်ဘာတီ ဆောင်ကျဉ်းလာမယ့် အဖွဲ့အစည်းမျိုး ဖြစ်ပါတယ်။

(၅) ပရိယတ္တိ အင်စတီကျူးရှင်း

ခရစ်ယာန်ဘုရားကျောင်း (Church) များဟာ နိုင်ငံရေးဖိနှိပ်မှု အမျိုးမျိုးကို ဆန့်ကျင်တဲ့ အခြေခံ အင်စတီကျူးရှင်းများ ဖြစ်ပါတယ်။ အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့ ဟောပြောစည်းရုံးနေတဲ့ လျှို့ဝှက် မြေအောက်ဌာနမျိုးတွေလည်း ဖြစ်ပါတယ်။ လွတ်လပ်မှုနဲ့ တရားမျှတမှုကို ရပ်ခံစည်းရုံးနေတဲ့ အင်စတီကျူးရှင်းများလည်း ဖြစ်ပါတယ်။ ဘုရားကျောင်း အင်စတီ ကျူးရှင်းများဟာ တစ်ခုနဲ့တစ်ခုချိတ်ဆက်ထားပြီး နိုင်ငံတကာမှာ ကွန်ယက်ဖြစ်နေပါတယ်။

ဘရင်ဂျီဘုန်းတော်ကြီးများရဲ့ အကျင့်ပျက်မှု ကျင့်ဝတ်ချစားမှုတွေလည်း ရှိကြပါတယ်။ သို့သော် သူတို့ရဲ့လော်မာမှုတွေကို အထုတ်ဖြေချနိုင်တဲ့မီဒီယာများက ရှိနေပါတယ်။ နိုင်ငံရေးလှုပ်ရှားသူများအတွက် ခရစ်ယာန်ကျောင်းများဟာ အကာအကွယ် ပေးနိုင်တဲ့ အင်စတီကျူးရှင်းများ ဖြစ်ပါတယ်။ အိမ်ထောင်ပြုမှုအပါအ၀င် မွေးခြင်းမှ သေခြင်းအထိ လူသားရပိုင်ခွင့်တွေကို အကာအကွယ်ပေးထားတဲ့ လူမှုအင်စတီကျူးရှင်းမျိုး ဖြစ်နေပါတယ်။

မြန်မာနိုင်ငံ ပရိယတ္တိစာသင်တိုက်များဟာလည်း အောင်မြင်တဲ့ အင်စတီကျူးရှင်းများပဲ ဖြစ်ပါတယ်။ ဒါကို စက်တင်ဘာ သံဃာ့အရေးအခင်းမှာ ထင်ထင်ရှားရှား တွေ့ကြရပါတယ်။ ပဋိပတ္တိကျောင်းတိုက်များဟာလည်း လူမှုထွက်ပေါက်နဲ့ စာရိတ္တ မဏ္ဍိုင်ကို ထိန်းကျောင်းပေးနိုင်တဲ့ အင်စတီကျူးရှင်းများပါပဲ။

စစ်တပ်က မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံး အင်စတီကျူးရှင်းဖြစ်နေပြီး ရှိရှိသမျှသော အရပ်ဘက် အင်စတီကျူးရှင်း အားလုံးကို သုံးစားမရအောင် မထိရောက် မလည်ပတ်နိုင်တော့အောင် ဖျက်ဆီးပစ်ခဲ့ပါတယ်။ တရားရေး၊ အရပ်ဘက် အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ အင်စတီကျူးရှင်းများဟာ အသက်မ၀င်နိုင်ဘဲ ဖွတ်ဖွတ်ကျေသွားပါတယ်။

အရင်ကျောင်းသားလှုပ်ရှားမှုများ ပေါ်ထွက်ရာ တက္ကသိုလ်၊ ကောလိပ်များဟာလည်း အောင်မြင်တဲ့ အင်စတီကျူးရှင်းတွေ ဖြစ်ခဲ့ပါတယ်။ သို့သော် စစ်တပ်ရဲ့ ဖျက်ဆီးမှုအောက်မှာ တစစီလွင့်ကြွေပြီး ကျောင်းသားလှုပ်ရှားမှုများ အားနည်းသွားခဲ့ ပါတယ်။ မျိုးဆက်ဟောင်း ကျောင်းသားကြီးများက အမြဲဦးဆောင်တွန်းပေမယ့် အတန်ကြာ မရွေ့နိုင်အောင် ဖြစ်နေပါတယ်။

၂၀၀၇ စက်တင်ဘာမှာတော့ ဘယ်သူမှ ဘယ်နိုင်ငံရေးသမားမှ တွက်ဆမထားတဲ့ လက်သီးပုန်း သံဃာ့အင်စတီကျူးရှင်းက စစ်တပ်ကို စိန်ခေါ်ခဲ့ပါတယ်။ ပခုက္ကူ ပရိယတ္တိ စာသင်တိုက်ကြီးက စလိုက်တဲ့ ဖြစ်ရပ်ဟာ ဘုရင်မင်းတို့ကို ဘာသာရေးကျဉ် တဲ့ ကံဆောင်မှုတွေဖြစ်လာပြီး ရွှေဝါရောင်တော်လှန်ရေးကြီးအဖြစ် ကမ္ဘာကျော်ခဲ့ပါတယ်။

ရဟန်းပျိုများရဲ့ အချိန်တိုတိုအတွင်း ချိတ်ဆက်လှုပ်ရှားနိုင်မှု၊ စည်းကမ်းသေ၀ပ်မှုကို ကမ္ဘာ့အကြမ်းမဖတ်လှုပ်ရှားမှု (Nonviolence) သမိုင်းမှာ မော်ကွန်းထိုးရမှာပဲ ဖြစ်ပါတယ်။ လှုပ်ရှားတဲ့ ရဟန်းပျိုများရဲ့ နောက်ကွယ်မှာ အဓိက အခရာ ကျသူများကတော့ ပရိယတ္တိစာသင်တိုက်များက စာသင်စာချ ဆရာတော်များပဲ ဖြစ်ပါတယ်။

စာသင်စာချဆရာတော်များဟာ မဟာနာယကဆရာတော်ကြီးများနဲ့ မတူသလို ဓမ္မကထိက ဆရာတော်များနဲ့လည်း မတူတဲ့ သံဃာ့အာဇာနည်များပဲ ဖြစ်ပါတယ်။ ဆရာတော်များဟာ “လာဘ သက္ကယ သိလောက” ဆိုတဲ့ လာဘ်လာဘ ပေါများမှု၊ ကျော်ဇောမှုတို့ကို အလျဉ်းရှောင်ရှားပြီး စာသင်သား ရဟန်းတပည့်များနဲ့သာ အမြဲထိတွေ့နေသူများဖြစ်ပါတယ်။ မိမိရသမျှ သင်္ကန်း၊ ဆေး၊ ဆွမ်းတို့ကို တပည့်ငယ်များကို ဝေမျှပြီး စံပြ၀ိနည်းကျင့်ကြံရင်း အနစ်နာခံ စာသင်ပို့ချပေးနေသူများ ဖြစ်ပါတယ်။ ဓမ္မနဲ့အဓမ္မကို ပိုင်းခြားပြနေသူများ ဖြစ်ပါတယ်။ အမှန်တရားအတွက် ရပ်ခံထားသူများ ဖြစ်ပါတယ်။ ဒကာ၊ ဒကာမ အခြွေအရံနဲ့ မင်းမြှောင်များကို ရွံရှာတိုက်ဖျက်နေသူများ ဖြစ်ပါတယ်။

မြန်မာသံဃာ့အင်စတီကျူးရှင်းဟာ ဘယ်လိုဖိဖိ ပိပြားမသွားဘဲ စစ်အင်စတီကျူးရှင်းကို အံတုဖက်ပြိုင်မယ့် နောက်ဆုံး တော်လှန်ရေး အင်စတီကျူးရှင်းတခု ဖြစ်လာနိုင်ပါတယ်။ သို့သော် မြန်မာပြည် ဗုဒ္ဓသာသနာကိုယ်၌မှာလည်း ပြုပြင် ပြောင်းလဲမှု (Reform) တွေ ဖြစ်လာပြီး ကျောင်းတော်နဲ့ နိုင်ငံတော်အကြား စည်းခြားမှု ဖြစ်လာနိုင်ကောင်းပါတယ်။ အနာဂါတ်သာသနာ တိုးတက်ဖို့က သံဃာ့ အင်စတီကျူးရှင်းဟာ အစိုးရအာဏာစက်ကွင်းအောက်က လွတ်မလွတ်အပေါ် မူတည်ပါတယ်။

(၆) နအဖရဲ့ တရားဝင်မှု

စက်တင်ဘာတော်လှန်ရေးဟာ ကျဆုံးခဲ့ပြီး အောင်မြင်မှု တစုံတရာ မချန်ရစ်နိုင်ဘူးလား။ ဒီလိုမဟုတ်ပါ။ တစုံတရာမကဘဲ အောင်မြင်မှုအတော်ကို ရခဲ့တယ်ဆိုရပါမယ်။ အဓိကအောင်မြင်မှုကတော့ နအဖ စစ်အစိုးရရဲ့ တရားဝင်မှု (Legitimacy) အရှိုက်ကို အလစ်ထိုးလိုက်လို့ ကျဆင်းသွားေးစခဲ့ပါတယ်။ စစ်အစိုးရရဲ့ မပြောင်းလဲလိုဘဲ ပိုနေမြဲကျားနေမြဲ နေလိုစိတ်ကို ဖျက်ပစ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

အစိုးရတရပ်အတွက် တရားဝင်မှု (Legitimacy) ဟာ အရေးပါ အခရာကျလှပါတယ်။ တရားဝင်မှုကိစ္စဟာ ယုတ်မာပြီး တရားလက်မဲ့ သွေးဆာနေတဲ့ အာဏာရှင်မျိုးတွေအတွက်တောင် အခရာ ကျပါတယ်။ ရူးဆိုးက ပြောဖူးတယ်။ “အင်အား အကြီးဆုံးဆိုသူဟာ သူ့အင်အားကို မှန်ကန်မှုနဲ့ တာဝန်ဝတ္တရား နာခံဆောင်ရွက်မှုတို့အဖြစ် မပြောင်းနိုင်ခဲ့ရင် သူဟာ ဘယ်တော့မှ မာစတာတစ်ယောက်လို အမြဲရာသက်ပန် အားကြီးနေနိုင်မှာ မဟုတ်ဘူး” (The strongest is never strong enough to be always the master, unless he transforms strength into right and obedience into duty.)

ဆိုလိုချင်တာကတော့ အားကြီးရက်စက်လှတဲ့ အာဏာရှင်များဟာ မှန်ကန်မှု၊ တရားမျှတမှုနဲ့ တာဝန်သိမှုစတဲ့ တရားဝင်ခွင့် တွေဆီ အချိန်တန်ရွေ့လျားရမှာပဲ ဖြစ်ပါတယ်။ ဒါ့ထက် တရားဝင်မှု (Legitimacy) ဆိုတာက မှန်ကန်မှုနဲ့ တရားမျှတမျှတို့မျှ ဆိုလိုတာ မဟုတ်ပြန်သေးဘူး။ အစိုးရတရပ် တည်မြဲရပ်တည်နိုင်ခွင့်ဟာ ပြည်သူလူထုရဲ့ လက်ခံနိုင်ခွင့်၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ အသိအမှတ်ပြု ကျားကန်ပေးမှု စတာတွေအထိ ပါရှိပါတယ်။

ရှေးခေတ်က ဘုရင်များအတွက် တရားဝင်မှုအခွင့်ဟာ ရိုးရာထုံးတမ်းစဉ်လာ၊ နတ်ဘုရားတို့ရဲ့ တိုက်ရိုက်အာဏာအပ်နှင်းမှု စတဲ့ အကြောင်းပြချက်တွေနဲ့ ဖြစ်ပါတယ်။ မော်ဒန်ခေတ်မှာ အာဏာရှင်များဟာ သူတို့ရပ်တည်ဖို့ အမျိုးသားရေးဝါဒနဲ့ ဖက်ဆစ်၊ ကွန်မြူနစ်၊ ဆိုရှယ်လစ်စတဲ့ အိုင်ဒီအိုလော်ဂျီများကို တရားဝင်ခွင့် ယူကြပါတယ်။ ဗိုလ်ချုပ်နေ၀င်းအစိုးရဟာ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ပြည်နယ်တွေ ခွဲမထွက်ရေးဆိုတဲ့ ပြည်ထောင်စု မပြိုကွဲရေး ဆိုင်းဘုတ်၊ နောက် ဆိုရှယ်လစ် ဆိုင်းဘုတ်နဲ့ တရားဝင်ခွင့်ယူခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ န၀တ၊ နအဖ စစ်အစိုးရဟာလည်း အလားတူ ပြည်ထောင်စု မပြိုကွဲရေးနဲ့ အချုပ်အချာ အာဏာတည်တံ့ရေး ခေါင်းစဉ်နဲ့ပဲ နှစ်နှစ်ဆယ် တည်ရှိနေတာ ဖြစ်ပါတယ်။

စစ်အစိုးရကို နောက်ထပ် တရားဝင်ခွင့် (Legitimacy) ပေးနေတာက ကနေ့ထိ နိုင်ငံတကာ ဆက်ဆံရေးမှာ မပြောင်းလဲနိုင် သေးတဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတနိုင်ငံကို ၀င်ရောက်မစွက်ဖက်နိုင်တဲ့မူ ဖြစ်ပါတယ်။ နောက် အာဆီယံ၊ တရုတ်၊ အိန္ဒိယစတဲ့ အိမ်နီးချင်းနိုင်ငံများရဲ့ အကျိုးစီးပွားရှေ့ရှုမှုက ပေးထားတဲ့ တရားဝင်မှုပဲ ဖြစ်ပါတယ်။

စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးဟာ နအဖရရှိထားတဲ့ အရေခြုံတရားဝင်ခွင့်တွေကို အများကြီး ဆွဲခွာချနိုင်ခဲ့ပါတယ်။ အာဆီယံအပါအ၀င် နိုင်ငံတကာဖိအားတွေ ပိုပြီးရခဲ့ပါတယ်။ အထူးသဖြင့် သံဃာထုအပေါ် တဖက်သက် ရက်ရက်စက်စက် ဖြိုခွင်းမှုကြောင့် စစ်တပ်အပေါ် လက်ခံတဲ့ ပြည်သူလူထု အမြင်ဟာ သုညနီးပါး ထိုးစိုက်ကျဆင်းသွားပါတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းက အပြောင်းအလဲ အဖြေတခုကို မဖြစ်မနေ ဖော်ဆောင်ပေးဖို့ နအဖကို တောင်းဆိုလာပါတယ်။

နအဖရဲ့ တုန့်ပြန်မှုက လမ်းပြမြေပုံ အဆင့် (၁) ကနေ အဆင့် (၄) ကို ခုန်ကျော်ပြီး သူတို့ရဲ့ တဖက်သက် အခြေခံဥပဒေ အတည်ပြုရေးနဲ့ ထွက်ပေါက်ရှာပါတယ်။ နာဂစ်မုန်တိုင်းနဲ့ တိုင်းပြည်အကျပ်အတည်းဆိုက်နေချိန်မှာ ၉၂ ရာနှုန်းနဲ့ အခြေခံ ဥပဒေကို အတည်ပြုလိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခြေခံဥပဒေသစ်ဟာ သူတို့အတွက် တရားဝင်ခွင့်ထက် စက္ကူစုတ် ဖြစ်ဖို့က ပိုကျိန်းသေလာပါလိမ့်မယ်။

စစ်အစိုးရဟာ စစ်အတွေးတွေးပြီး တရားတာ မတရားတာ အပထား အလစ်အငိုက် ခြုံခိုတိုက်ပြီး အောင်ပွဲခံတတ်တဲ့၊ ခေါင်းမာတဲ့ အရှုံးမပေးချင်တဲ့ ညာဉ်ရှိပါတယ်။ သို့သော် သူတို့ရင်ဆိုင်ချေမှုန်းနေတဲ့ ရန်သူဟာ NLD။ နိုင်ငံရေးသမားနဲ့ ကျောင်းသားမျှ မဟုတ်တော့ဘူး။ သူတို့ရန်သူလို့ သဘောထားနေသူဟာ သံဃာထုနဲ့ ပြည်သူလူထုဖြစ်လာနေတယ်။ စီးပွားရေး စီမံခန့်ခွဲမှု မတတ်မှုကြောင့် တိုင်းပြည်ချွတ်ခြုံကျပြီး အငတ်ဘေး ဆိုက်လာနေတယ်။ ဒါတွေကိုက စစ်တပ် အတွက် အက်ကြောင်းနဲ့ တရားဝင်ခွင့်ကျဆုံးမှုတွေ ဖြစ်ပါတယ်။

(၇) ရွေးကောက်ပွဲနဲ့ တတိယပါတီ

ဒီမိုကရေစီစနစ်မှာ အစိုးရတွေဟာ ရွေးကောက်ပွဲဝင်ပြီး မိမိကိုယ်ကို အသစ်ပြန်သ (Self-renewal) ရင်း ပြုပြင်ပြောင်းလဲမှု လုပ်ရပါတယ်။ အာဏာရှင်တွေကျတော့ သူတို့အကြောက်ဆုံးအရာက အဲ့ဒီမိမိအာဏာကို အသစ်ပြောင်း လုပ်ကိုင်ရမှာကို ပဲဖြစ်ပါတယ်။ ရွေးကောက်ပွဲ နောက်တခုကနေ အာဏာကို ဆက်ကိုင်တွယ်မယ်လို့ နအဖက မဟာဗျူဟာချ လုပ်နေပေမယ့် သူတို့တကယ်တန်း ကြောက်တာကလည်း စစ်ဘောင်းဘီချွတ်သင့်သလောက် ချွတ်ပြီး ရွေးကောက်ပွဲဝင်ရမှာကိုပဲ ဖြစ်ပါ တယ်။ ဘာကြောင့် ကြောက်ကြသလဲဆိုရင် ရွေးကောက်ပွဲဆိုတာက အာဏာရှင်စနစ်ရဲ့ လုပ်ငန်းကိစ္စမဟုတ်ဘဲ ဒီမိုကရေစီ ရဲ့ အင်္ဂါရပ်နဲ့ ဗဟိုချက်မ ဖြစ်နေလို့ပါပဲ။

၁၉၇၀ ကနေ ၂၀၀၀ ခုနှစ်အထိ ဒီမိုကရေစီ ကူးပြောင်းလာတဲ့ နိုင်ငံ (၃၅) နိုင်ငံရဲ့ အတွေ့အကြုံအရဆိုရင် ရွေးကောက်ပွဲ တွေဟာ အာဏာရှင်စနစ်ရဲ့ နိဂုံးချုပ်မှုအစတွေ ဖြစ်သွားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာဏာရှင်များဟာ ရွေးကောက်ပွဲမှာ ညစ်ပတ်မယ်၊ မဲလိမ်မယ်၊ အကြမ်းဖက်မယ်၊ ရလာဒ်ကို ခေါက်ထားမယ်ဆိုတာကတော့ သေချာပါတယ်။ သို့သော် အတိုက် အခံတွေကပဲ အံသြစရာ ကောင်းလောက်အောင် မဲအပြတ်အသက် အနိုင်ရသွားကာ ဒီမိုကရေစီ ကူးပြောင်းစနိုင်ငံတိုင်း လိုလိုမှာ ဖြစ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးအင်အားစုများက ပုံမှန်ဆက်လှုပ်ရှားနေရမှာဖြစ်သလို နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးသမားတွေဘက်ကလည်း အာဏာနဲ့ နီးစပ်အောင် ပုံစံအမျိုးမျိုးနဲ့ ဆက်ကစားရမှာပဲ ဖြစ်ပါတယ်။ ဒီမိုကရက် တိုက်ဇေးရှင်း ဖြစ်စဉ်ဆိုတာကို မမေ့ဖို့ပဲလိုပါတယ်။

မြန်မာ့ဒီမိုကရက်တိုက်ဇေးရှင်းမှာ လိုအပ်နေတာတခုက နှစ်ဘက်အပေါ် သြဇာ သိက္ခာကြီးမားတဲ့ တတိယပါတီအုပ်စုပဲ ဖြစ်ပါတယ်။ တတိယပါတီအုပ်စုဟာ ကုလသမဂ္ဂကိုယ်စားလှယ်၊ အာဆီယံနဲ့ တရုတ်၊ (၁၄) နိုင်ငံအဖွဲ့ စတာတွေနဲ့လည်း မထိရောက်နိုင်ပါဘူး။ ပြည်တွင်းပြည်ပ အယောင်ဆောင် အချောင်သမား ပညာရှင်တွေကိုလည်း နအဖက ဂရုမစိုက်ပါဘူး။ ပြည်တွင်းကပဲ ထွက်ပေါ်လာမယ့် ပုဂ္ဂိုလ်အဖွဲ့အစည်းမျိုးသာ ပိုလိုအပ်ပါတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေးအဖွဲ့မျိုးပါပဲ။

စက်တင်ဘာက မွေးဖွားလာတဲ့ သံဃာ့အဖွဲ့အစည်းများဟာ အစိုးရနဲ့ အတိုက်အခံအကြား ရွေ့အောင်တွန်းအားပေးနိုင်မယ့် တော်လှန်ရေး အင်အားစုမျိုးဖြစ်သလို တတိယပါတီ အုပ်စုမျိုးလည်း ဖြစ်ပါတယ်။ ရဟန်း သံဃာများဟာ အာဏာကိစ္စနဲ့ လုံးဝမပတ်သက်ဘဲ ပြည်သူအရေး သက်သက်အတွက် ၀င်ရောက်လှုပ်ရှားလာတဲ့ အင်စတီကျူးရှင်းတခု ဖြစ်ပါတယ်။ ရဟန်းပျိုများအတွက် လိုအပ်နေတာက အမြော်အမြင်ရှိပြီး သီလသိက္ခာကြီးမားတဲ့ ဆရာတော်ကြီးများကို ပါအောင် စည်းရုံးနိုင်ပြီး သံဃာ့မဟာ နာယကကို ချိနဲ့သွားအောင် လုပ်ဆောင်ဖို့ပါပဲ။ ဒါဟာ မြန်မာပြည်အတွက် အကြမ်းမဖက်တဲ့ ကတ္တီပါ တော်လှန်ရေး လမ်းစတခုပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် ရွှေဝါရောင်တော်လှန်ရေးဟာ ပြီးဆုံးမသွားသေးပါဘူး။ ချေဂွေဗားရားက ဖီဒရယ် ကပ်စထရိုကို နှုတ်ဆက် ပြောကြားတဲ့ စကားလေးနဲ့ပဲ နိဂုံးချုပ်ချင်ပါတယ်။ “ဖီဒရယ်ကို ပြောလိုက်ပါ … ဒီဆုံးရှုံးမှုဟာ တော်လှန်ရေးပြီးသွားတာ မဟုတ်ဘူးလို့” (Tell the Federal that this failure is not the end of the Revolution.)။ ။ [Top]
ယခင်ဆောင်းပါးများ

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.

Saturday, 13 September 2008

Friday, 12 September 2008

Thursday, 4 September 2008